ထိုင်းအခွင့်ထူးခံဗီဇာ
ရွှေအဆင့်အဖွဲ့ဝင်မှု

အကျိုးခံစားခွင့်အသစ်များနှင့်အတူ အဖွဲ့ဝင်များအား ရေရှည်ဗီဇာအာမခံပေးသည့် Gold Membershipနှင့် မိတ်ဆက်ပေးခြင်း။ ၎င်းနှင့်အတူ အဖွဲ့ဝင်များအား အခွင့်ထူးအမှတ်များစနစ်ဟုလူသိများသော ပိုမိုခိုင်မာသည့်အစီအစဉ်တစ်ခုဖြင့် ရရှိနိုင်သည့်အခွင့်အရေးအားလုံးကို မိမိတို့ဆန္ဒရှိသည့်အတိုင်း စူးစမ်းလေ့လာနိုင်စေပါမည်။

Gold Membership သည်ဝင်ခွင့်အဆင့်ရှိ‌သောအဖွဲ့ဝင်မှု ဖြစ်သည်နှင့်အညီ အစဦးဆုံးပက်ကေ့ခ်ျလည်းဖြစ်ပါသည်။ ဤအသင်းဝင်မှုကို ဘတ် ၉၀၀၀၀၀ ဖြင့်ဝယ်ယူပြီး ၅ နှစ်သက်တမ်းရှိဗီဇာ ရရှိပါမည်။ ထိုင်းနိုင်ငံကို အစမ်းသဘောလေ့လာလို၍ဖြစ်စေ ထိုင်းနိုင်ငံ၏ဂုဏ်သတင်းကျော်ကြားမှုကို သိရှိလိုစိတ်ကြောင့်ဖြစ်စေ Gold Membership အဖွဲ့ဝင်တစ်ဦးဖြစ်ထားလျှင် ဟိုတယ်ဝန်ထမ်းများက ဧည့်သည်များကို ဝန်ဆောင်မှုများဖြင့် ပံ့ပိုးပေးသည့်ပုံစံအတိုင်း ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။ အရှေ့တောင်အာရှတွင် အနားယူအပန်းဖြေရန် ခမ်းနားသောနေရာတစ်ခုကိုရှာဖွေဖို့ရာ စိတ်ဝင်တစားရှိသော်လည်း ထိုင်းနိုင်ငံတွင် အချိန်ကြာမြင့်စွာတည်းခိုရန် စိတ်အားထက်သန်လွန်းခြင်းမရှိကြသောခရီးသွားများအတွက် ပြီးပြည့်စုံသောရွေးချယ်မှုဖြစ်သည်။ အထူးအခွင့်အရေးရမှတ်များစနစ်သည် အဖွဲ့ဝင်များအား အခမဲ့ပြည်တွင်းခရီးစဉ်များနှင့် spa ကုသမှုများကဲ့သို့သော 5 နှစ်သက်တမ်းရှိ Thai Elite ဗီဇာကပင်မပေးနိုင်သော အထူးအခွင့်အရေးများကို ရရှိစေပါသည်။

၎င်း၏ အဆင်ပြေဇိမ်ကျလှသောအခြေအနေကြောင့် ထိုင်းနိုင်ငံတွင် အခြေချနေထိုင်လိုသူတို့အတွက် ရှိထားသင့်သောအဖွဲ့ဝင်မှုအမျိုးအစားဖြစ်ပါသည်။။ လူတိုင်းအတွက် ဗီဇာသည် မရှိမဖြစ်လိုအပ်သောကြောင့် သင့်အား ၅ နှစ်နေထိုင်ခွင့်ရှိသော အဖွဲ့ဝင်မှုတစ်ခုက ၎င်းသည် ထိုင်းခရီးသွားဗီဇာများအနက် အကောင်းတကာ့အကောင်းဆုံး ဖြစ်လာစေပါသည်။

ထို့ကြောင့် လျှောက်ထားသူအသစ်များအတွက် စက်တင်ဘာလသည် Thailand Elite ဗီဇာဟောင်းကိုရရှိနိုင်ရန် နောက်ဆုံးကာလဖြစ်သော်လည်း၊ အဖွဲ့ဝင်မှုအသစ်များကိုမူ ခြွင်းချက်အနေဖြင့် ဆက်လက်ဆောင်ရွက်ပေးဆဲဖြစ်ပါသည်။

Thailand Privilege Gold Membership

Gold Membership ပက်ကေ့ခ်ျအကြောင်း ယေဘုယျအကျဉ်းချုံ့တင်ပြခြင်း

သက်တမ်း။ ။ ၅နှစ်
ကျသင့်ငွေ။ ။ ထိုင်းဘတ် ၉၀၀၀၀၀ (အမေရိကန်ဒေါ်လာ ၂၄၈၀၀ နီးပါး)
အထူးခံစားခွင့်ရမှတ်ပေါင်း။ ။ တစ်နှစ်လျှင် အမှတ် ၂၀
အဖွဲ့ဝင်တစ်ဦး၏အကျိုးခံစားခွင့်များ။ ။

  • ၅နှစ်သက်တမ်းရှိပြီး အကြိမ်ကြိမ်ပြည်ဝင်ခွင့်ရသည့် ဗီဇာ
  • တစ်ကြိမ်ပြည်ဝင်တိုင်း ပြည်တွင်း၌တစ်နှစ်နေထိုင်ခွင့်နှင့် ဗီဇာသက်တမ်းတိုးနိုင်ခြင်း
  • လေဆိပ်ရှိ လဝကတွင် Premium Lane အမြန်လမ်းကြောင်းဝန်ဆောင်မှုကို အကြိမ်ကန့်သတ်ချက်မရှိရရှိနိုင်ခြင်း
  • (အထူးကိုယ်ရေးအရာရှိ (EPA) ဝန်ဆောင်မှု အကြိမ်ကြိမ်အသုံးပြုနိုင်ခွင့်)
  • နှစ်စဉ်ကျန်းမာရေးစစ်ဆေးမှု (အဖွဲ့ဝင်တစ်ဦးလျှင်တစ်ကြိမ်သာ စစ်ဆေးခွင့်)
  • ထိုင်းနိုင်ငံရှိ Anantara Vacation Club တွင်တစ်ညတည်းခိုခွင့် (အဖွဲ့ဝင်ခွင့်ရသည့် ပထမဆုံးနှစ်အတွင်းသာလျှင်)
  • ယာဉ်မတော်တဆမူအတွက် သီးသန့်အာမခံအစီအစဉ် Personal Accident Insurance (PAI) (အဖွဲ့ဝင်ခွင့်ရသည့် ပထမဆုံးနှစ် ရက်ပေါင်း(၁၈၀)အတွင်းသာလျှင်)
  • Premium Lounge၊ ကားပါကင်နေရာ အခွင့်ထူးများ နှင့် ဈေးဝယ်ထွက်အကူဝန်ဆောင်မှု (ရက်ချိန်းယူထားရန်)
  • ထိုင်းနိုင်ငံအတွင်း ရုပ်ရှင်လက်မှတ်တစ်စောင်ဝယ်လျှင်၊ တစောင်အခမဲ့ အကြိမ်ရေအကန့်အသတ်မရှိရရှိနိုင်ခြင်း)
  • ထိုင်းနိုင်ငံအတွင်းရှိ Mos Burger ဆိုင်များတွင် တစ်လတစ်ကြိမ် တစ်ခုဝယ်လျှင် တစ်ခုအခမဲ့ရရှိနိုင်ခြင်း
  • ရင်းနှီးမြှပ်နှံမှုနှင့် ငွေကြေးဆိုင်ရာအကြံပေးဝန်ဆောင်မှုကဏ္ဍများ
  • စားသောက်ဆိုင်နဲ့စတိုးဆိုင်များတွင်လျှော့စျေးများရရှိနိုင်ခြင်း။
  • 24/7 Member Contact Centre (MCC) အဖွဲ့ဝင်များအတွက်ဆက်သွယ်ရန်ဌာနမှ အင်္ဂလိပ်၊ မန်ဒါရင်၊ ဂျပန် နှင့် ကိုရီးယားဘာသာစကားများဖြင့်ဝန်ဆောင်မှုပေးခြင်း (နောင်တွင်အခြားဘာသာစကားများကိုလည်း ထည့်သွင်းဆောင်ရွက်သွားပါမည်။)
  • သင်၏ထိုင်းနိုင်အတွင်းရရှိနိုင်မည့်အတွေ့အကြုံကို သင်လိုသလိုချိန်ညှိနိုင်စေရန် အခြားသောအကျိုးခံစားခွင့်များ ပါဝင်မည်ဖြစ်ပါသည်။

Elite Visa နှင့်စာလျှင် ပို၍ရရှိနိုင်မည့် အသစ်ထပ်တိုးလာသောအရာများ

ဤအသစ်စက်စက်သော Thailand Privilege အဖွဲ့ဝင်မှုများသည် ပုံမှန် Thai Elite Visa နှင့်မတူဘဲ ကွဲပြားခြားနားမှုမျာရှိပြီး၊ ထပ်တိုးထားသောအကျိုးခံစားခွင့်များစွာရရှိနိုင်ပါမည်။ အဖွဲ့ဝင်ကာလ(၅)နှစ်ရှိပြီး Thailand Privilege ၏ GMအဆင့်အဖွဲ့ဝင်မှုသည် ၎င်း၏ ပြိုင်ဘက် Elite Easy Accessနှင့်ယှဉ်လိုက်လျှင် တိုးတက်မှုတစ်ခုဟုဆိုရမည်ဖြစ်ပါသည်။ ဤသို့တိုးမြှင့်ထားသောအခြေအနေများကြောင့် အကောင်းဆုံးကိုရွေးချယ်တတ်သည့် ခရီးသွားများအဖို့ ထိုင်းနိုင်ငံသို့ စိတ်ချမ်းသာစွာခရီးထွက်နိုင်မည်ဖြစ်ပါသည်။

အခွင့်ထူးခံရမှတ်များစနစ်

  • ထိုင်းနိုင်ငံတွင်ရှိစဉ် အခွင့်ထူးများရွေးချယ်ရာတွင် ပို၍ လိုက်လျောညီထွေရှိစေရန် ခွင့်ပြုသည်။ ဤအရာသည် ယခုအခါ အထက်တန်းစား ဗီဇာနှင့် အများဆုံး ခြားနားစေသော မည်သည့် အခွင့်ထူးများကိုမဆို ရွေးချယ်နိုင်သည်။
  • GOLD အဖွဲ့ဝင်များသည် ၎င်းတွင် အခွင့်ထူးရမှတ်များကို သုံးစွဲခြင်းဖြင့် ၎င်းတို့လိုချင်သည့် အခွင့်ထူးများကို ရွေးချယ်နိုင်သည်။ သင်၏အဖွဲ့ဝင်ခြင်းအား elite visa နှင့်မတူသောအခွင့်အရေးအနည်းငယ်အတွက် ကန့်သတ်ထားတော့မည်မဟုတ်ပါ။
  • GOLD အဖွဲ့ဝင်ခြင်းများအတွက်၊ အဖွဲ့ဝင်များသည် တစ်နှစ်လျှင် အခမဲ့အမှတ် 20 ရရှိခွင့်ရှိသည်။
  • နှစ်စဥ် အသစ်အသစ်သော စတင်ခြင်းအတွက် အထူးအခွင့်အရေးရမှတ်များကို နှစ်စဉ်ပြန်လည်သတ်မှတ်ပါသည်။ ဆိုလိုသည်မှာ၊ သင်သည် ယခုနှစ်တွင် 18 မှတ်ကို သုံးစွဲပါက နောက်နှစ်တွင် ၎င်းသည် 20 သို့ ပြန်လည်သတ်မှတ်မည်ဖြစ်သည်။

အဖွဲ့ဝင်မှုပုံစံဟောင်းဖြစ်သည့် Elite Easy Access တွင်မပါသေးသော အသစ်ထပ်တိုးထားသည့်အကျိုးခံစားခွင့်များ

  • ကျန်းမာရေးဝန်ဆောင်မှု ။။ နှစ်စဉ်အခမဲ့ကျန်းမာရေးစစ်ဆေးခြင်းဝန်ဆောင်မှုများ၊ ရက်ပေါင်း ၁၈၀အတွင်း PAI ဝန်ဆောင်မှုနှင့် Spaတွင် အခမဲ့ကုသမှုကို မေတ္တာလက်ဆောင်ဖြစ် ရယူနိုင်ပါမည်။
  • ဟိုတယ်တွင်အခမဲ့တည်းခိုခြင်း ။။ Anantara Vacation Club တွင် တစ်ညတာ အခမဲ့ တည်းခိုပြီး ၎င်း၏ များပြားလှသော ဝန်ဆောင်မှုများကို ရယူခြင်းဖြင့် သင်၏ ထိုင်းနိုင်ငံအတွင်းပထမဆုံးနေ့ကို ထူးထူးခြားခြားဖြစ်သွားအောင် ပုံဖော်နိုင်ပါမည်။
  • ဖျော်ဖြေရေးအစီအစဉ် ။။ အခမဲ့ရုပ်ရှင်လက်မှတ်များ၊ သီးသန့် VIP နေရာထိုင်ခင်းများကဲ့သို့သော ဖျော်ဖြေရေးဆိုင်ရာ အထူးအခွင့်အရေးများကို ထိုင်းနိုင်ငံတစ်ဝှမ်းရှိ ရုပ်ရှင်ရုံများတွင် ရယူလိုက်ပါ။
  • အထူးလျှော့ဈေးများ ။။ ထိုင်းနိုင်ငံတစ်ဝှမ်းရှိ အဆင့်မြင့်စားသောက်ဆိုင်များနှင့် စျေးဝယ်စင်တာများတွင် လျှော့စျေးများကို အသုံးချနိုင်သောကြောင့် စျေးနည်းနည်းပေးပြီး များများဝယ်ယူနိုင်မှာဖြစ်ပါတယ်။

ပို၍လွယ်ကူသောလျှောက်ထားခြင်းနှင့် လဝက လုပ်ငန်းစဉ်များ

  • ED Visa ကိုင်ဆောင်ထားသူများအားယခုအချိန်တွင် ထည့်သွင်းစဉ်းစားပေးခြင်း ။။ ထိုင်းနိုင်ငံတွင် ၎င်းတို့တက်ရောက်ခဲ့သော ပညာရေးအဖွဲ့အစည်းသည် စစ်မှန်ပြီး၊ ၎င်းတို့၏ Thai ED Visa ကိုတရားဝင်နည်းလမ်းဖြင့် ရယူနေသမျှကာလပတ်လုံး ယခုအချိန်တွင် ထည့်သွင်းစဉ်းစားပေးမည်ဖြစ်ပါသည်။
  • တရုတ်နိုင်ငံသားများအတွက်ပို၍သာလွ‌န်သောအဆင်ပြေမှု ။။ လျောက်ထားသူသည်တရုတ်နိုင်ငံသားဖြစ်လျှင် Interpol ဖြတ်သန်းရမှုများ၊ ရှည်လျားသောနောက်ကြောင်းရာဇဝင်စစ်ဆေးမှုများ ဆောင်ရွက်စရာမလိုတော့သည့်အတွက်ကြောင့် တရုတ်နိုင်ငံသားများအတွက် အများထက်သာလွန်သောအဆင်ပြေမှုများရရှိနိုင်ပါမည်။
  • ပို၍လွယ်ကူမြန်ဆန်သောလျှောက်ထားခြင်းလုပ်ငန်းစဉ် ။။ စောင့်ရမည့်အချိန်ပို၍တိုတောင်းပြီး လျောက်ထားမှုလုပ်ငန်းစဉ်မှာလည်းပို၍ရိုးရှင်းလွယ်ကူသဖြင့် ထိုင်းနိုင်ငံသို့အလွယ်တကူဖြင့်ဝင်ရောက်လာနိုင်မည့် အတွေ့အကြုံကိုရရှိခံစားနိုင်ပါသည်။

Elite Visa ၏ Easy Access အဖွဲ့ဝင်မှုကို အဆင့်တိုးမြင့်နိုင်ခြင်း

  • (၅)နှစ်သက်တမ်းရှိ Elite Easy Access အဖွဲ့ဝင်ထားသူများသည် GOLD ပက်ကေ့ဂျ်ကိုရယူခြင်းအားဖြင့် ၎င်း၏အခွင့်အရေးများနှင့် ဝန်ဆောင်မှုများကို အခမဲ့အဆင့်မြှင့်တင်နိုင်မည်ဖြစ်သည်။
    • နှစ်စဉ်ကြေး (ထိုင်းဘတ်ငွေသား) ။။ ဘတ် ၅၀၀၀၀ (အမေရိကန်ဒေါ်လာ ၁၃၈၀ နီးပါး)။
    • သက်တမ်း ။။ Elite Easy Access တွင် ကျန်ရှိနေသောသက်တမ်းကာလအတိုင်းသာ

မှတ်စု ။။ Elite Visa အဟောင်းမှ Thailand Privilege အဖွဲ့ဝင်မှုအသစ်ပုံစံသို့ တိုးမြင့်ပြောင်းလဲ‌ခြင်းဝန်ဆောင်မှုကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် စတင်ပါမည်။

Thailand Privilege Gold Membership
ပတ်ကေ့ခ်ျလျောက်ထားနည်း

လိုအပ်သောစာရွက်စာတန်းများ

  • Thailand Privilege Gold အဖွဲ့ဝင်လျှောက်လွှာပုံစံကို ဖြည့်စွက်ပြီး လက်မှတ်ရေးထိုးရန်
  • ကိုယ်ရေးကိုယ်တာအချက်အလက်ကာကွယ်မှုဥပဒေ (PDPA) ဖောင်တွင် လက်မှတ်ရေးထိုးရန်
  • နိုင်ငံကူးလက်မှတ်မိတ္တူကို (အရောင်ကာလာဖြင့်ကူးရမည်ဖြစ်ပြီး နိုင်ငံကူးလက်မှတ်ရှိမိမိလက်မှတ်ကိုမြင်သာရပါမည်)။
  • လျောက်ထားသူ၏ဓာတ်ပုံ (နိုင်ငံကူးလက်မှတ်ဓါတ်ပုံအရွယ်အစားအတိုင်းအရောင်ဖြင့်)ဖြစ်ရပါမည်။

လျှောက်ထားမှုလုပ်ငန်းစဉ်

  1. လိုအပ်သောလျှောက်လွှာနှင့် PDPA ဖောင်ကိုဖြည့်ပြီး၊ လက်မှတ်ထိုးပါ။ ပြီးလျှင်စာရွက်စာတမ်းအားလုံးကို Siam Legal သို့ပို့ပေးပါ။
  2. ထိုင်းလဝကအရာရှိများမှစီစစ်မည့်နောက်ခံရာဇဝင်စစ်ဆေးမှုကိုပြီးမြောက်အောင်ဆောင်ရွက်ပါ။
  3. ခွင့်ပြုကြောင်းပေးစာနှင့်ငွေရပြေစာတို့ကိုရရှိသည်အထိစောင့်ပေးပါ။
  4. Thailand Privilege Card (TPC) သို့ အဖွဲ့ဝင်ကြေးပေးဆောင်ပါ။
  5. ကြိုဆိုကြောင်းပေးစာနှ င့်အဖွဲ့ဝင်၏ ID ရရှိသည့်အချိန်အထိစောင့်ပေးပါ။ အဖွဲ့ဝင်များသည် အဖွဲ့ဝင်ကတ်ပြားရရှိလိုပါက မိမိတို့ဆန္ဒအလျောက်ရွေးချယ်ခွင့်ရှိပါသည်။
  6. မိမိ၏ငါးနှစ်တာသက်တမ်းရှိဗီဇာကို ခရီးသွားစာရွက်စာတမ်းတွင်ကပ်ပေးပါ။
  7. Gold Membership မှာသင့်အားပံ့ပိုးပေးမည့် အလွန်ကောင်းမွန်သော အခွင့်ထူးများနှင့်အကျိုးခံစားခွင့်များ ရရှိခံစားရပါမည်။

အချိန်ဇယားနှင့်ကြာမြင့်ချိန်

  • စုစုပေါင်း ။။ (၁) လမှ (၃)လအထိ (နိုင်ငံသားအပေါ်မူတည်၍)
  • နောက်ခံရာဇဝင်စစ်ဆေးမှုများ ။။ (၄)ပတ်မှ (၆)ပတ် အတွင်း
  • ငွေရရှိကြောင်းအတည်ပြုချင် ။။ (၁)ပတ်၊ (၂)ပတ် အတွင်း
  • ကြိုဆိုကြောင်းပေးစာနှင့် အဖွဲ့ဝင်၏ ID လက်ခံရရှိခြင်း ။။ ငွေပေးချေပြီးသည်မှ (၅)ရက်၊ (၁၀)ရက်အတွင်းဆောင်ရွက်ပေးခြင်း

မှတ်စု ။။ Thailand Privilege မှဆောင်ရွက်ပေးသည့် လျောက်ထားမှုလုပ်ငန်းစဉ်များသည် ပုံမှန်ထက်များစွာပို၍လျင်မြန်သည်ဟု ၎င်းကဆိုပါသည်။

သိလိုသူအများဆုံးမေးခွန်းများ

  1. အဖွဲ့ဝင်မှုသက်တမ်း (၅)နှစ်ကို ထပ်မြှင့်တင်လို့ရပါသလား။
ဟုတ်ကဲ့ရပါတယ်။ Thailand Elite Gold Membership အဖွဲ့ဝင်ထားသူများသည်လည်း ၁၀နှစ်၊ ၁၅နှစ်၊ နှစ်၂၀စာ ပက်ကေ့ခ်ျ များသို့ အဆင့်တိုးမြှင့်နိုင်ပါတယ်။
  1. Thai Elite Visa အဟောင်းကိုင်ဆောင်ထားသူများသည်လည်း Gold Membership အဖွဲ့ဝင်မှုသို့အဆင့်တိုးမြှင့်နိုင်ပါသလား။

ဟုတ်ကဲ့ရပါတယ်။ Thai Elite Visas တစ်မျိုးမျိုးကိုင်ဆောင်ထားသူများသည် ထိုင်းနိုင်ငံတွင်းပိုမိုကောင်းမွန်သောအတွေ့အကြုံများရရှိနိုင်စေရန် Thailand Privilege ပက်ကေ့ခ်ျများသို့အဆင့်မြှင့်တင်နိုင်ပါသည်။ Elite Easy Access အဖွဲ့ဝင်မှုရှိထားလျှင် Gold Membership ရွှေအဆင့်အဖွဲ့ဝင်အဖြစ်သို့ အခကြေးငွေထပ်ပေးစရာမလိုဘဲ အဆင့်မြှင့်တင်နိုင်ပါသည်။ မူလကတ်ပြား (primary card) ရရှိလိုပါက နှစ်စဉ်ထိုင်းဘတ်ငွေ (၅၀၀၀၀) သုံးစွဲရပါမည်။။

  1. Gold Membership အဖွဲ့ဝင်မှုရှိထားလျှင် ဘဏ်အကောင့်အကူအညီ၊ ယာဉ်မောင်လိုင်စင်းအကူအညီနှင့် ရက်၉၀အစီရင်ခံခြင်းအတွက်အကူညီတို့ကို အခမဲ့ရနိုင်ပါသလား။
ရွှေအဆင့်အဖွဲ့ဝင်များသည် Elite Personal Liaison (EPL) ကိုအသုံးပြုပြီး ဘဏ်အကောင့်၊ ယာဉ်မောင်းလိုင်စင်နှင့် ရက်၉၀အစီရင်ခံခြင်းတို့ကို အဖွဲ့ဝင်များကိုယ်စားဆောင်ရွက်ပေးနိုင်ပါသည်။ သို့သော် ဤဝန်ဆောင်မှုများကိုအသုံးပြုတိုင်း အခွင့်ထူးခံရမှတ်များကိုအသုံးပြုပေးရမည်ဖြစ်ပါသည်။
  1. ဤအဖွဲ့ဝင်မှုအမျိုးအစားကိုမိသားစုဝင်တစ်ယောက်ကလျှောက်ထားနိုင်ပါသလား။
လျှောက်ထားသူ၏မိသားစုဝင်ကို Gold Membership အဖွဲ့ဝင်မှုအတွက်လျောက်ထားဖို့ကြိုဆိုပါတယ်။ သို့သော် ၎င်းတို့အတွက် ထိုင်းဘတ်ငွေ ၉၀၀၀၀၀ ပေးဆောင်ရမည်ဖြစ်ပြီးတော့ မူလလျောက်ထားသူနည်းတူ လုပ်ငန်းစဉ်များဆောင်ရွက်ရမည်ဖြစ်ပါသည်။ Gold Membership ရွှေအဆင့်အဖွဲ့ဝင်မှုကိုလျှောက်ထားခြင်းဖြင့် ပိုသာသောအကျိုးထူးခံစားခွင့်များရရှိမည်မဟုတ်ပါ။
  1. Gold Membership အဖွဲ့ဝင်ကတ်ပြားကိုအခြားသူထံ လွှဲပြောင်းပေးလို့ရပါသလား။
Gold Membership Card ရွှေအဆင့်အဖွဲ့ဝင်မှုကတ်ပြားကိုအခြားသူထံလွှဲပြောင်းပေးလို့မရနိုင်ပါ။ အခြားမိတ်ဆွေနှင့် ထပ်တိုးမည့်မိသားစုဝင်များသည် လျောက်ထားသူအသစ်များဖြစ်သကဲ့သို့ မိမိတို့၏ကိုယ်ပိုင် Gold Membership ရရှိထားဖို့လိုအပ်ပါမယ်။
Siam Legal
Authorized Thai Elite GSSA

Siam Legal ကိုဘာကြောင့်ရွေးချယ်တာလဲ

မိမိကိုယ်တိုင်လျှောက်ထားနိုင်သော်လည်း မိမိလျှောက်ထားမှုကို ထောက်ခံပေးမည့်သူရှိခြင်းဖြင့် ရှိသင့်ရှိထိုက်သောခိုင်မာသေချာမှုနှင့်အတူ အမှားအယွင်းဖြစ်မှုကို နည်းပါးစေပါသည်။ Siam Legal သည် Thailand Privilege မှတိုက်ရိုက်ခန့်အပ်ထားသော General Sales and Services Agent (GSSA) ဖြစ်သည်နှင့်အညီ လျှောက်ထားမှုခရီးလမ်းတွင် သေချာမှု၊ ရိုးရှင်းလွယ်ကူမှု နှင့် မြန်ဆန်မှုများရှိစေရန် အခမဲ့ဝန်ဆောင်မှုများကို လိုအပ်သလိုဆောင်ရွက်ပေးလျက်ရှိပါသည်။ သိလိုသည်များရှိ၍ဖြစ်စေ၊ Siam Legal အဖွဲ့အား မိမိ၏လျှောက်ထားမှုအဆင်ပြေမပြေကြည့်ရှုသုံးသပ်ပေးစေလို၍ဖြစ်စေဆက်သွယ်နိုင်ပါသည်။ အဖွဲ့ဝင်မှုဝယ်ယူသူများအတွက် ထပ်လောင်းအကျိုးခံစားခွင့်များနှင့် သိလိုရာမေး အခမဲ့အကြံပေးအစီအစဉ်များအပြင် (၅)နှစ်တာ ရွှေအဆင့်အဖွဲ့ဝင်မှု GMကို လျှောက်ထားလိုပါက Siam Legal သည် အကောင်းဆုံး GSSA တစ်ခုဖြစ်ပါသည်။ GSSA ၏အကူအညီဖြင့် စိတ်ချမ်းသာမှုပိုမိုရရှိစေပြီး မမျှော်လင့်ထားသော နှောင့်နှေးမှုများကိုလည်းလျော့နည်းစေမည်ဖြစ်ပါသည်။

Siam Legal မှတဆင့်လျှောက်ထားခြင်း၏အကျိုးကျေးဇူးများ –

  • ဥပဒေရေးရာကိစ္စများနှင့်ပတ်သက်၍ တစ်ကြိမ်အခမဲ့အကြံဉာဏ်ရယူနိုင်ခြင်း (၁ နာရီ)
  • လဝကရေးရာကိစ္စများနှင့်ပတ်သက်၍တစ်ကြိမ်အခမဲ့အကြံဉာဏ်ရယူနိုင်ခြင်း (၂နာရီ)
  • နိုတြီဝန်ဆောင်မှုအခမဲ့တစ်ကြိမ်ရယူနိုင်ခြင်း
  • ထိုင်းဘဏ်အကောင့်ဖွင့်ခြင်းအတွက်အခမဲ့အကူအညီရယူနိုင်ခြင်း
  • ဥပဒေရေး‌ရာနှင့် လဝကရေးရာ ကိစ္စများအတွက် အထောက်အကူဖြစ်စေရန် VIP ဖုန်းနံပါတ်များထားရှိပေးခြင်း
  • ပတ်ကေ့ခ်ျတန်ဖိုးမှလွဲ၍ အခြားအခကြေးငွေထပ်ပေးစရာမလိုခြင်း
Thailand Lawyers

ယနေ့ ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ။

  • တယ်လီဖုန်း- +66 80-005-9642
    • နံပါတ်ကို WhatsApp နှင့် LINE တို့တွင်လည်း အသုံးပြုနိုင်သည်။

WhatsApp

WhatsApp

WeChat

WeChat

LINE

LINE
ဘယ်မှာစရမလဲ မသေချာဘူးလား။

ယနေ့ကျွန်ုပ်တို့၏ကိုယ်စားလှယ်နှင့်တိုင်ပင်ပါ။

ကျွန်ုပ်တို့၏ ကုမ္ပဏီမှ ကမ်းလှမ်းချက်များ

  • အခမဲ့လျှောက်လွှာ ကြိုတင်အကဲဖြတ်ခြင်း။
  • လူဝင်မှုကြီးကြပ်ရေးအတိုင်ပင်ခံ သုံးစွဲနိုင်မှု
  • နှစ် 20 ကျော်အတွေ့အကြုံ

ညှိနှိုင်းအစည်းအဝေးကို စီစဉ်ပါ။.

သင်၏ Thailand Privilege အဖွဲ့ဝင်ခြင်းအတွက် လျှောက်ထားရန် ကျွန်ုပ်တို့၏ Thailand Elite Agent နှင့် ညှိနှိုင်းအစည်းအဝေးကို အချိန်ဇယားဆွဲပါ။ ဖောင်ကို အပြည့်အစုံဖြည့်ပါ။

How can we contact you?

I consent to my data being stored in compliance with The EU General Data Protection Regulation (GDPR).
Immigration Consultant
Siam Legal

© Siam Legal International | Thailand Privilege Visa GOLD Membership